နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုမှ အမေရိကန်နုတ်ထွက်ရန် ထရမ့်ညွှန်ကြား
08 Jan
အမေရိကန်သမ္မတ ထရမ့် က ဇန်နဝါရီလ ၇ ရက်တွင် သမ္မတအမိန့်လက်မှတ်ရေးထိုး၍ အမေရိကန် အကျိုးစီးပွားနှင့် မကိုက်ညီသော နိုင်ငံတကာအဖွဲ့အစည်း ၆၆ ခုမှ အမေရိကန်နုတ်ထွက်ရန် ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော်က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အိမ်ဖြူတော်ကထုတ်ပြန်သော သမ္မတအမိန့်အရ ဤနိုင်ငံတကာအဖွဲ့အစည်းများတွင် ကုလသမဂ္ဂ ယဉ်ကျေးမှုမဟာမိတ်အဖွဲ့(UNAOC)၊ ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်(UN Habitat)၊ လက်တင်အမေရိကနှင့် ကာရေဘီယံ ကုလသမဂ္ဂစီးပွားရေးကော်မရှင် စသည့် ကုလသမဂ္ဂအဖွဲ့အစည်း ၃၁ ခုနှင့် ကုလသမဂ္ဂမဟုတ်သော အဖွဲ့အစည်း ၃၅ ခုပါဝင်ကြောင်း သိရသည်။ ဤအဖွဲ့အစည်းများနှင့် လက်တွေ့လုပ်ဆောင်လည်ပတ်မှုများသည် အမေရိကန်အမျိုးသားအကျိုးစီးပွား၊ လုံခြုံရေး၊ စီးပွားရေးသာယာဝပြောမှု သို့မဟုတ် နိုင်ငံအချုပ်အခြာအာဏာနှင့် ဆန့်ကျင်ကြောင်း ထရမ့် က သမ္မတအမိန့်တွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သောနှစ် ဇန်နဝါရီလတွင် အိမ်ဖြူတော်သို့ ထရမ့် ပြန်လည်ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ(UNHRC) စသည်တို့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ (Report from Xinhua Myanmar)