ပြင်သစ်စစ်တပ်က အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ရုရှား-ယူကရိန်း နယ်စပ်စီမံထိန်းချုပ်ရေးတွင် ပါဝင်ဆောင်ရွက်မည်ဟု မက်ခရွန် ဆို

07 Jan

ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ပြင်သစ် နိုင်ငံသည် ရုရှား-ယူကရိန်း နယ်စပ်စီမံထိန်းချုပ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန် စစ်တပ်စေလွှတ်မည် ဟု ပြင်သစ်သမ္မတ မက်ခရွန် က ဇန်နဝါရီလ ၆ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းနေ့တွင် ပဲရစ်မြို့တွင်ကျင်းပသော “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” အစည်းအဝေးကာလအတွင်း France 2 ရုပ်မြင်သံကြားလိုင်း၏ မေးမြန်းမှုကိုဖြေကြားရာတွင် မက်ခရွန် က ပြင်သစ်နိုင်ငံသည် ရုရှားနှင့် ယူကရိန်း ငြိမ်းချမ်းရေးရရှိပြီးနောက် ပြင်သစ်ပြင်ပလှုပ်ရှားရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်သည်တစ်ထောင် ချက်ချင်းစေလွှတ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ ယင်းတပ်ဖွဲ့များမှာ စစ်ဆင်ရေးလုပ်ရန်မဟုတ်ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ယူကရိန်းအား ကူညီပံ့ပိုးသော “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” အဖွဲ့ဝင်နိုင်ငံများနှင့် ယူကရိန်း၊ အမေရိကန်စသည့် နိုင်ငံခေါင်းဆောင် သို့မဟုတ် ကိုယ်စားလှယ်များသည် ဇန်နဝါရီလ ၆ ရက်တွင် ပဲရစ်၌ အစည်းအဝေးကျင်းပခဲ့ပြီး ယူကရိန်းနှင့်ပတ်သက်သော မည်သည့်ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရေးအစီအစဉ်မဆို ယူကရိန်းအား အားကောင်း၍ ကန့်သတ်ထိန်းချုပ်နိုင်မှုရှိသော လုံခြုံရေးအာမခံချက်ကို အခြေခံအဖြစ် ထောက်ပံ့ ရမည်ဟု တစ်သားတည်းယူဆကြသည်။ အပစ်အခတ်ရပ်စဲရေး အသက်ဝင်သည်နှင့် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” သည် နိုင်ငံရေးနှင့် ဥပဒေ အရ ကန့်သတ်ထိန်းချုပ်နိုင်မှုရှိသော လုံခြုံရေးအာမခံချက်ယန္တရားတစ်ခု တည်ထောင်ရန်အသင့်ရှိကြောင်း၊ ဤအာမခံချက် အစီအမံများတွင် အမေရိကန်ဦးဆောင်သော အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးယန္တရား၌ ပါဝင်ခြင်း၊ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များကို ပံ့ပိုးခြင်း၊ ယူကရိန်းအတွက် “ဆန္ဒအလျောက် မဟာမိတ်အဖွဲ့” က မူဘောင်အတွင်း မိမိဆန္ဒအလျောက်ပါဝင်သော နိုင်ငံများဖြင့် ဖွဲ့စည်းထားသော နိုင်ငံစုံတပ်ဖွဲ့တစ်ခု ထူထောင်ခြင်း၊ ယူကရိန်းနှင့် ရေရှည်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းတို့ ပါဝင်ကြောင်း ပြင်သစ်သမ္မတအိမ်တော်ဖြစ်သော Élysée နန်းတော်က အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Repost from Xinhua Myanmar)

07 Jan

ADVERTISE HERE .