ကုန်ဈေးနှုန်းသတင်း ၇.၁.၂၀၂၆
07 Jan
ဇန်နဝါရီလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပြီး ပဲပုပ်ဈေးကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၈၇,၉၇၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၇,၂၉၆ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၄၅၀ ကျပ်ကနေ ၄,၄၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၈,၀၇၁ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၂၆၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၅,၅၈၀ ကျပ်ကနေ ၅,၇၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၃,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၃၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၀၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၂၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၃၈၀ ကျပ်၊ မန္တလေးမှာ ၂,၄၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၄၆၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၄၄၀ ကျပ်၊ မန္တလေးမှာ ၂,၅၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၁၃၅ ကျပ်၊ မန္တလေးမှာ ၂,၂၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၂၁၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၈၀ ကျပ်၊ မန္တလေးမှာ ၂,၆၉၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၆၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၀၀၀,၀၀၀/-) ခြောက်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၄၀၀,၀၀၀ိ/-) ကိုးဆယ် လေးသိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။