“ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပေါက်ကွဲမှုဖြစ် ထိုင်းစစ်သည်တစ်ဦး ဒဏ်ရာရ”

07 Jan

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဒေသ၌ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ထိုင်း စစ်သည်တစ်ဦး ဒဏ်ရာရရှိကြောင်းနှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းဘက်က ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ကန့်ကွက်လွှာ ပေးပို့ထားကြောင်း ထိုင်းအိမ်စောင့်အစိုးရဝန်ကြီးချုပ် အာနူတင်ချန်ဝီရာကူ က ပြောသည်။ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ကမ္ဘောဒီးယားဘက်မှ စိန်ပြောင်းဗုံးသီးတစ်လုံးပစ်ခတ်ခြင်းကြောင့် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း ထိုင်းအမှတ်(၂) စစ်နယ်မြေကွပ်ကဲမှု ဌာနချုပ် က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ထားသည်။ ချန်ဝီရာကူ က ထိုင်းနိုင်ငံသည် အပစ်အခတ်ရပ်စဲရေးစည်းကမ်းတွေကို တိတိကျကျလိုက်နာနေပေမယ့် ဖြစ်လာနိုင်တဲ့ အခြေအနေအားလုံးအတွက် အပြည့်အဝပြင်ဆင်ထားကြောင်းပြောသည်။ ထိုင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူကမူ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ၎င်းတို့ထံပြန်လည်ဆက်သွယ်လာပြီး ယခုဖြစ်စဉ်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်း မှားယွင်းမှုကြောင့်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

07 Jan

ADVERTISE HERE .