“မန်ယူနည်းပြသစ်ဖြစ်လာဖို့ ထင်ကြေးပေးခံနေရသူတွေထဲမှာ ပါဝင်နေတဲ့ ချဲလ်ဆီးနည်းပြဟောင်း မာရက်စကာ”
06 Jan
မန်ယူအသင်းက နည်းပြ အာမိုရင်မ် ကို ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာ မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာဖို့ ထင်ကြေးပေးခံနေရသူတွေထဲမှာ ချဲလ်ဆီးနည်းပြဟောင်း မာရက်စကာ လည်း ပါဝင်နေပါတယ်။ မာရက်စကာ ဟာ ဇန်နဝါရီလ ၁ ရက်မှာ ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲထားတာဖြစ်ပြီး မန်စီးတီးအသင်းကနေ ဂွါဒီယိုလာ ထွက်ခွာခဲ့ပါက နည်းပြသစ်ဖြစ်လာနိုင်သူလို့ ထင်ကြေးပေးနေကြသလို လက်ရှိအချိန်မှာ မန်ယူနည်းပြ ရာထူးအတွက်လည်း ရေပန်းစားလာပါတယ်။ ဒါ့အပြင် မိုက်ကယ်ကာရစ်၊ ပိုချက်တီနို၊ နာဂယ်မန်းစ် စတဲ့နည်းပြတွေလည်း မန်ယူအသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်သူစာရင်းထဲ ပါဝင်နေပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြသစ်ခန့်အပ်မှုကို အလျင်စလို လုပ်ဆောင်မှာ မဟုတ်ဘဲ ယာယီနည်းပြ ဖလက်ချာ ကို ရာသီကုန်အထိ တာဝန်ပေးတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုများ ရှိနေပါတယ်။ အာမိုရင်မ် ဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် နောက်ပိုင်း မန်ယူအသင်းကို ကိုင်တွယ်တဲ့ နည်းပြများထဲမှာ မှတ်တမ်းအဆိုးဆုံးဖြစ်ခဲ့ပါတယ်။ (NVS 008)