“ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားလိုနေတဲ့ ကန်ဆယ်လို”

06 Jan

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းက နောက်ခံကစားသမား ကန်ဆယ်လို ဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ကန်ဆယ်လို ဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဘာစီလိုနာအသင်းမှာ အငှားနဲ့ ကစားခဲ့ဖူးပြီး ခြေစွမ်းလည်းပြနိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ကန်ဆယ်လို ဟာ ကစားသမားဘဝတစ်လျှောက် အငှားပြောင်းရွှေ့မှုတွေ မကြာခဏပြုလုပ်ခဲ့ရသူဖြစ်ပြီး မန်စီးတီး အသင်းမှာရှိနေစဉ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတွေဆီ အငှားချခံခဲ့ရပြီးမှ ၂၀၂၄ နွေရာသီမှာ အယ်လ်ဟီလာအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ကန်ဆယ်လို ကို အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားပေမယ့် ကန်ဆယ်လို ကတော့ ဘာစီလိုနာအသင်း ခေါ်ယူခြင်းမရှိမှသာ အင်တာမီလန်အသင်းကို ရွေးချယ်မယ်လို့ သိရပါတယ်။ ကန်ဆယ်လို ဟာ အင်တာမီလန်အသင်းမှာလည်း ၂၀၁၇-၁၈ ရာသီတုန်းက အငှားနဲ့ သွားရောက်ကစားခဲ့ဖူးပါတယ်။ (NVS 008)

06 Jan

ADVERTISE HERE .