“ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦး ဝင်ရောက်ထိုးသတ်မည်”
06 Jan
ဇန်နဝါရီလ ၇ ရက်မှာ ကျင်းပမယ့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲမှာ မြန်မာဖိုက်တာနှစ်ဦးဖြစ်တဲ့ ကျောက်ရိုင်းနဲ့ ဂေါ်ဒိုးထူး တို့နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ Kun Khmer Tour Concert လို့ အမည်ရတဲ့ ခွန်ခမာပြိုင်ပွဲကို ဇန်နဝါရီလ ၇ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပြိုင်ပွဲမှာ တွဲဆိုင်း ၆ ဆိုင်း ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မြန်မာ၊ အီရန်၊ တရုတ်၊ လာအို နိုင်ငံငါးနိုင်ငံက ဖိုက်တာများ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ မြန်မာဖိုက်တာ ကျောက်ရိုင်း က ခွန်ခမာ (၅၈) ကီလိုတန်းမှာ အိမ်ရှင် ကမ္ဘောဒီးယားဖိုက်တာ မီးစ်ဘွန်သန်းနဲ့ သုံးမိနစ်၊ သုံးချီ အဖြစ် ပွဲစဉ် (၃) မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ မြန်မာဖိုက်တာ ဂေါ်ဒိုးထူး ကတော့ ခွန်ခမာ (၅၇) ကီလိုတန်းမှာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ရစ်ဗဗီဘိုးလ်နဲ့ သုံးမိနစ်၊ သုံးချီအဖြစ် ပွဲစဉ် (၁) မှာ ယှဉ်ပြိုင်ထိုးသတ်ရမှာဖြစ်ပါတယ်။ (NVS 008)