“အာဖရိကဖလားပြိုင်ပွဲမှာ ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးမော်ရိုကိုကစားသမား ဘရာဟင်မ်ဒီယက်ဇ်”
06 Jan
မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ် ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ခုအတွင်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးမော်ရိုကိုကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းတိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ် ဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု ၃ ပွဲ စလုံးမှာ ဂိုးသွင်းနိုင်ခဲ့သလို တန်ဇန်းနီးယားနဲ့ ယှဉ်ပြိုင်ကစားတဲ့ (၁၆) သင်းအဆင့်မှာလည်း တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။ မော်ရိုကို အသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ကင်မရွန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။ (NVS 008)
06 Jan