“ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ခဲ့ကြောင်း သတင်းထွက်ခဲ့တဲ့ အိုဆီမန်”
06 Jan
ဂါလာတာစာရေးအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန် က ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ဖို့ ဆက်သွယ်ကမ်းလှမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အိုဆီမန် ဟာ ၂၀၂၄ နွေရာသီမှာ နာပိုလီအသင်းကနေ ဂါလာတာစာရေးအသင်းကို အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၅ နွေရာသီမှာ ယူရို ၇၅ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ အိုဆီမန် အနေနဲ့ ဂါလာတာစာရေးအသင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် ဂျာမန်မြေမှာ ပုဂ္ဂိုလ်ရေးကိစ္စရပ်များအရ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ ဂါလာတာစာရေးအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ အိုဆီမန် ကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေနဲ့ PSG အသင်းတို့ကတော့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ (NVS 008)
06 Jan