“ပါကစ္စတန်၏ပြည်တွင်းထုတ်ခရုစ်ဒုံးကျည် မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ဟုဆို”
05 Jan
ပါကစ္စတန်နိုင်ငံသည် ပြည်တွင်းထုတ်တီမူးအာ (Taimoor) လေကြောင်းပစ်ခရုစ်ဒုံးကျည်ကို ဇန်နဝါရီ ၃ ရက် က စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောသည်။ အဆိုပါဒုံးကျည်စနစ်သည် ကီလိုမီတာ ၆၀၀ အကွာအဝေးအတွင်းရှိ မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို အလွန်တိကျစွာ ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပါကစ္စတန်စစ်ဘက်ပြန်ကြားရေးဌာနက ပြောသည်။ ခေတ်မီဆန်းသစ်သော လမ်းကြောင်း ရှာဖွေ ရေးနှင့်လမ်းညွှန်ထိန်းချုပ်မှုစနစ်တပ်ဆင်ထားသော တီမူးအာခရုစ်ဒုံးကျည်သည် အလွန်နိမ့် သော အမြင့်ပေများတွင် ပျံသန်းနိုင်ရန် ဒီဇိုင်းထုတ်ထားသောကြောင့် ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ်နှင့်ဒုံးကျည်ကာကွယ်ရေး စနစ်များကို ထိရောက်စွာ ရှောင်ကွင်းနိုင်မည်ဖြစ်ကြောင်း အဆိုပါဌာနက ပြောသည်။ တီမူးအာခရုစ်ဒုံးကျည်၏ တိကျစွာပစ်ခတ်နိုင်မှုစွမ်းရည်က ပါကစ္စတန်လေတပ်၏ ပုံမှန်စစ်ဘက်ရေးရာ ဟန့်တားမှုစွမ်းဆောင်ရည်နှင့် စစ်ဆင်ရေးတွင် လိုက်လျောညီထွေရှိမှုတို့ကို သိသိသာသာတိုးမြှင့်ပေးနိုင်မည် ဖြစ် ကြောင်း၊ ထို့ပြင် ပါကစ္စတန်နိုင်ငံ၏အလုံးစုံသောကာကွယ်ရေးစွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာစေမည် ဖြစ် ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။