ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့တဲ့ ဘရာဟင်မ်ဒီယက်ဇ်
04 Jan
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းကွင်းလယ် တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ် ကို ၂ဝ၃ဝ ပြည့်နှစ် အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကွင်းလယ်တိုက်စစ်ကစားသမားက ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ လက်ရှိ ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၁၈ ပွဲကစားကာ တစ်ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် အသင်းက သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက ဘရာဟင်မ်ဒီယက်ဇ် နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး သူဟာ အသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ စာချုပ်ကိစ္စကို မကြာမီရက်ပိုင်းအတွင်း အပြီး သတ်နိုင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)
04 Jan