ဂျွန်ဆင် ကို ခေါ်ယူနိုင်ကြောင်း အတည်ပြုကြေညာခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း

04 Jan

ခရစ္စတယ်ပဲလေ့စ်အသင်းက စပါးအသင်းမှ တိုက်စစ်ကစားသမား ဂျွန်ဆင်ကို ခေါ်ယူနိုင်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျွန်ဆင် က နော်တင်ဟမ်အသင်းအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်က နော်တင်ဟမ်အသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း စပါးအသင်းက လက်ရှိ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရောင်းချရန် ဆုံးဖြတ်ထားခြင်းဖြစ်ပါတယ်။ ဂျွန်ဆင် ရဲ့ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အပြောင်းအရွှေ့ကာလ မစတင်မီကတည်းက စပါးအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် သဘောတူညီမှုရရှိခဲ့ပြီး ကစားသမားဖြစ်သူနှင့် ဆက်လက်ဆွေးနွေးမှုများ လုပ်ဆောင်ရာမှ သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၃ ဒသမ ၅ သန်းကို စပါးအသင်းထံ ပေးချေရမှာဖြစ်ပါတယ်။(NVS 008)

04 Jan

ADVERTISE HERE .