ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရဖွယ်ရှိတဲ့ ဘာပေ

04 Jan

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘာပေ က ဒူးဒဏ်ရာကြောင့် တစ်လနီးပါးခန့် အနားယူရမည် ဖြစ်ကြောင်း သိရပါတယ်။ အမ်ဘာပေ ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ဒူးနာကျင်မှုနှင့် ကစားခဲ့ရပေမယ့် လက်ရှိအချိန် MRI Scan နှင့် စစ်ဆေးမှုများအရ ဆေးကုသမှုခံယူဖို့ လိုအပ်သောကြောင့် တစ်လနီးပါးခန့် အနားယူရမှာဖြစ်ပါတယ်။ အခုလို တိုက်စစ်မှူး အမ်ဘာပေ ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ရီးရဲလ်အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေ က ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၈၃ ပွဲ ကစားကာ ၇၃ ဂိုးသွင်းယူပြီး ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။(NVS 008)

04 Jan

ADVERTISE HERE .