အယ်လီဆန် ကို အက်စတွန်ဗီလာအသင်း ခေါ်ယူ
04 Jan
အက်စတွန်ဗီလာအသင်းက ဂရီမီယိုအသင်း လူငယ်တိုက်စစ်မှူး အယ်လီဆန် ကို စတာလင်ပေါင် ၁ဝ ဒသမ ၅ သန်းဖြင့် ခေါ်ယူခဲ့ကြောင်း အတည်ပြုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ တိုက်စစ်မှူးဟာ အက်စတွန်ဗီလာ အသင်းနှင့်အတူ ၂ဝ၂၈ ခုနှစ်အထိစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် အယ်လီဆန် က ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ အိပ်မက်တွေ ပြည့်စုံခဲ့ပြီဖြစ်ပြီး အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်ကစားနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူး အယ်လီဆန် ဟာ ဂရီမီယိုအသင်းနှင့်အတူ ၂ဝ၂၅ ခုနှစ်အတွင်း ပြိုင်ပွဲစုံ ၃၉ ပွဲကစားကာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။(NVS 008)
04 Jan