ကွင်းလယ်ကစားသမား ခေါ်ယူခြင်းမရှိပါက မန်ယူအသင်း အခက်တွေ့နိုင်ကြောင်း သုံးသပ်ခဲ့တဲ့ ရွိုင်ကိန်း

04 Jan

မန်ယူအသင်း ဂန္ထဝင်ကစားသမား ရွိုင်ကိန်း က မန်ယူအသင်းအနေနဲ့ ကွင်းလယ်ကစားသမား ခေါ်ယူ နိုင်ခြင်းမရှိပါက အခက်တွေ့နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းက ပြီးခဲ့တဲ့နှစ်နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်လေးဦး ခေါ်ယူထားခဲ့ သော်လည်း တိုက်စစ်ကစားသမားသုံးဦးနှင့် နောက်ခံလူတစ်ဦးဖြစ်ပြီး ကွင်းလယ်ကစားသမား ပါဝင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရွိုင်ကိန်း က အရည်အသွေးမြင့် ကွင်းလယ်ကစားသမားသစ် အားဖြည့်ရန်လိုကြောင်း သုံးသပ်ခဲ့ခြင်း ဖြစ်ပြီး ကွင်းလယ်အပေါ် ဖိအားအနည်းငယ်လျော့သွားပေမယ့် ပြဿနာကတော့ ရှိနေဦးမှာဖြစ်ကြောင်းနဲ့ ကွင်းလယ် ကစားသမား ခေါ်ယူခြင်းမရှိပါက နောက်နှစ် ဒါမှမဟုတ် နောက်နှစ်နှစ်လောက်အထိ အခက်အခဲ တွေ့နေနိုင်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။(NVS 008)

04 Jan

ADVERTISE HERE .