(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀ ကျပ်တန် အထူးစာပို့တံဆိပ်ခေါင်းသစ် ၂ မျိုး ရောင်းချမည်

03 Jan

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် ပို့‌ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းနှစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါတံဆိပ်ခေါင်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်း ၉ နာရီခွဲအချိန်မှစတင်ကာ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးမှာဖြစ်ပါတယ်။ အထူးအစီအစဉ်အဖြစ် ဇန်နဝါရီလ ၄ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသား များ ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

03 Jan

ADVERTISE HERE .