စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၆၀၆၀ ကျပ် သတ်မှတ်

03 Jan

ဇန်နဝါရီလ ၂ ရက်မှ ၈ ရက်အထိ ရောင်းချရမည့် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၆၀၆၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဈေးနှုန်းက ပြီးခဲ့တဲ့ တစ်ပတ်တာအတွက် ရောင်းချရန်ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြောင်းလဲမှုမရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။(NVS 004)

03 Jan

ADVERTISE HERE .