လီဂျေမြောင် နှင့် ရှီကျင့်ဖျင် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး ဆွေးနွေးမည်

03 Jan

တောင်ကိုရီးယားသမ္မတ လီဂျေမြောင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့သည် ဇန်နဝါရီလ ၅ ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် နျူကလီးယားကင်းစင်ရေးကိစ္စရပ်များ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များသည် ထောက်ပံ့ရေးကွင်းဆက်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ရာသီဥတု ပြောင်းလဲမှုတိုက်ဖျက်ရေးစသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကိုလည်း ထည့်သွင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း တောင်ကိုရီးယားအမျိုးသား လုံခြုံရေးအကြံပေး ဝီဆွန်းလက် က ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည်။ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်သယ်ဆောင်နိုင်သည့် ရေငုပ်သင်္ဘော အသစ်ကို ထုတ်ဖော်ပြသပြီးနောက် တောင်ကိုရီးယား၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေး အစီအစဉ်အပေါ် တရုတ်နိုင်ငံ၏စိုးရိမ်မှုကို ရှင်းလင်းသွားမည်ဖြစ်သည်။ တောင်ကိုရီးယားတပ်မတော်အနေဖြင့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရန် လိုအပ်ချက်များကို တောင်ကိုရီးယားအစိုးရက တရုတ်အစိုးရသို့ အသိပေးသွားမည် ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးက ပြောသည်ဟုသိရသည်။

03 Jan

ADVERTISE HERE .