ဥရောပကလပ် အဆင့်သတ်မှတ်ချက်တွင် ရီးရဲလ်မက်ဒရစ်အသင်း ထိပ်ဆုံး၌ဆက်လက်ရပ်တည်
02 Jan
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ဥရောပကလပ် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ ရီးရဲလ်မက်ဒရစ်အသင်းက ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်ခဲ့ကြောင်း UEFA.COM သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဥရောပကလပ် အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ သင်းနေရာတွင် အပြောင်းအလဲအဖြစ် ဒေါ့မွန်အသင်းက တစ်ဆင့်မြင့်တက်ခဲ့ပြီး လေဗာကူဆင်အသင်းက တစ်ဆင့်ပြန်လည်နိမ့်ကျခဲ့ကာ ဂျာမန်ဘွန်ဒက်လီဂါနှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ ကလပ်အသင်းသုံးသင်းစီ ပါဝင်လာခဲ့ပါတယ်။ ဥရောပကလပ် အဆင့်သတ်မှတ်ချက် ထိပ်ဆုံး ၁၀ သင်းနေရာ၌ ရီးရဲလ်မက်ဒရစ်အသင်းနောက်တွင် ဘိုင်ယန် မြူးနစ်အသင်းက အဆင့်(၂)၊ အင်တာမီလန်အသင်းက အဆင့်(၃)၊ ဒေါ့မွန်အသင်းက အဆင့်(၄)၊ မန်စီးတီးအသင်းက အဆင့်(၅)၊ ပီအက်စ်ဂျီအသင်းက အဆင့်(၆)၊ လီဗာပူးလ်အသင်းက အဆင့်(၇)၊ လေဗာကူဆင်အသင်းက အဆင့်(၈)၊ ဘာစီလိုနာအသင်းက အဆင့်(၉)၊ အာဆင်နယ်အသင်းက အဆင့်(၁၀)နေရာတို့တွင် အသီးသီးရပ်တည်ခဲ့ကြပါတယ်။ ဥရောပကလပ် အဆင့်သတ်မှတ်ချက်တွင် ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများဖြစ်သည့် ချဲလ်ဆီး အသင်းက အဆင့်(၁၂)၊ မန်ယူအသင်းက အဆင့်(၁၇)နေရာတို့တွင်သာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။(NVS 008)