အယ်ဟီလယ်အသင်းမှထွက်ခွာမည့် ဂျာအိုကန်ဆယ်လို အားခေါ်ယူရန် ဘာစီလိုနာအသင်းကြိုးပမ်း
02 Jan
ဘာစီလိုနာအသင်းက လက်ရှိဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် အယ်ဟီလယ်အသင်းမှ ထွက်ခွာမည့် ဂျာအိုကန်ဆယ်လို အား အသင်းထံသို့ ပြန်လည်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ ဂျာအိုကန်ဆယ်လို အနေနဲ့ ဘာစီလိုနာအသင်းကို နည်းပြ ဇာဗီ တာဝန်ယူကိုင်တွယ်ခဲ့စဉ်က မန်စီးတီးအသင်း ထံမှ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဘာစီလိုနာအသင်းရဲ့ ငွေကြေးပိုင်းအကျပ် အတည်းကြောင့် အပြီးသတ်ခေါ်ယူခြင်းမရှိခဲ့တဲ့အတွက် မန်စီးတီးအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဂျာအိုကန်ဆယ်လို က မန်စီးတီးအသင်းတွင် ကစားလိုခြင်းမရှိတဲ့အတွက် ၂၀၂၄ ခုနှစ်မှာ အယ်ဟီလယ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီက အယ်ဟီလယ်အသင်းရဲ့ အဓိကကစားသမား တစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိသော်လည်း ယခုဘောလုံးရာသီတွင် ပွဲကစားခွင့်နည်းပါးနေခဲ့ပြီး တစ်ပွဲတည်းသာ ပါဝင် ကစားခွင့် ရရှိထားတာကြောင့် လက်ရှိဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)