လာလီဂါပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားစာရင်း ထိပ်ဆုံး၌ရပ်တည်ခဲ့ အမ်ဘာပေ

02 Jan

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘက်ပီ အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း စပိန်လာလီဂါပြိုင်ပွဲ သွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း The Athletic သတင်းဝက်ဘ်ဆိုက်က ဖော်ပြ ခဲ့ပါတယ်။ အမ်ဘာပေ ဟာ ၂၀၂၅ ခုနှစ်အတွင်း ရီးရဲလ်အသင်းနှင့်အတူ ပြီးခဲ့တဲ့ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲတွင် ၂၁ ဂိုးသွင်းယူခဲ့ပြီး လက်ရှိဘောလုံးရာသီတွင်လည်း ၁၈ ဂိုးသွင်းယူခဲ့ကာ ၂၀၂၅ ခုနှစ်အတွင်း သွင်းဂိုး ၃၉ ဂိုးထိ သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း စပိန်လာလီဂါပြိုင်ပွဲ သွင်းဂိုးအများဆုံး ကစားသမားစာရင်းတွင် အမ်ဘာပေ က ကျန်ကစားသမားများထက် အသာစီးရရှိခဲ့ပြီး ၎င်းနောက်တွင် ဘာစီလိုနာအသင်းမှ လီဝမ်ဒေါစကီး က ၁၉ ဂိုး၊ အေတီကိုအသင်းမှ အယ်လ်ဗာရက်စ် က ၁၉ ဂိုး၊ ဘာစီလိုနာအသင်း မှ ဖာရန်တောရက်စ် က ၁၈ ဂိုးဖြင့် အသီးသီး ရပ်တည်ခဲ့ကြပါတယ်။ အမ်ဘာပေ ဟာ လက်ရှိဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ ၁၈ ပွဲတွင် ၁၈ ဂိုးသွင်းယူထားပြီး သွင်းဂိုး အများဆုံး ကစားသမားစာရင်းတွင်လည်း ဒုတိယနေရာမှ ဖာရန်တောရက်စ် ထက် ခုနစ်ဂိုးအသာဖြင့် ထိပ်ဆုံး၌ ရပ်တည်လျက်ရှိနေပါတယ်။(NVS 008)

02 Jan

ADVERTISE HERE .