ဆန်းတို့စ်အသင်းက နေမာ ကို တစ်နှစ်သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆို
02 Jan
ဘရာဇီးကလပ် ဆန်းတို့စ်အသင်းက အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် တိုက်စစ်ကစားသမား နေမာ ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိ နေမာ အနေနဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လက အယ်လ်ဟီလယ်အသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲခဲ့ပြီးနောက် အသင်းဟောင်း ဆန်းတို့စ်အသင်းထံသို့ ကာလတိုစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဒီဇင်ဘာလအတွင်း က စာချုပ်သက်တမ်းကုန်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ နေမာ ဟာ ဆန်းတို့စ်အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြသခဲ့ပြီး ဆန်းတို့စ်အသင်း တန်းဆင်းဇုန်မှ လွတ်မြောက်ရန်အတွက် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့လို့ ဆန်းတို့စ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့ရာ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပါတယ်။ အစောပိုင်းက နေမာ အနေနဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ ဆန်းတို့စ်အသင်းနှင့် နောက်ထပ်တစ်နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။(NVS 008)