မန်ယူအသင်းမှ အငှားခေါ်ယူထားသည့် ဟွိုက်လန်း ကို အပြီးသတ်ခေါ်ယူခဲ့တဲ့ နာပိုလီအသင်း
02 Jan
နာပိုလီအသင်းက အငှားခေါ်ယူထားသော တိုက်စစ်မှူး ဟွိုက်လန်း ကို ယခုအပြောင်းအရွှေ့ကာလတွင် အပြီးသတ်ခေါ်ယူခဲ့ကြောင်း အသင်းအားကစားဒါရိုက်တာ ဂျီအိုဗန်နီမန်နာ က ကြေညာခဲ့ကြောင်း SI သတင်း ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူး ဟွိုက်လန်း အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူအသင်းမှ နာပိုလီအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ရာ အသင်းတွင် ခြေစွမ်းပြသခဲ့ပြီး ပြိုင်ပွဲစုံတွင် သွင်းဂိုး ကိုးဂိုး သွင်းယူခဲ့ကာ အသင်းကို စူပါကိုပါဖလားရရှိအောင် အဓိကနေရာမှ ပါဝင်ကူညီနိုင်ခဲ့လို့ အသင်းတာဝန်ရှိသူများက အပြီးသတ် ခေါ်ယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ တိုက်စစ်မှူး ဟွိုက်လန်း ဟာ ၂၀၂၃ ခုနှစ်မှာ ကနဦးပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၄ သန်းဖြင့် မန်ယူအသင်းသို့ ရောက်ရှိခဲ့ပြီးနောက် အသင်းတွင် ခြေစွမ်းပြသရန်ရုန်းကန်ခဲ့ရကာ ပွဲဦးထွက်ရာသီတွင် သွင်းဂိုး ၁၆ ဂိုး၊ ဒုတိယရာသီတွင် သွင်းဂိုး ၁၀ ဂိုးသာ သွင်းယူခဲ့ပြီး နာပိုလီအသင်းထံသို့ အငှားစေလွှတ် ခြင်းခံခဲ့တာ ဖြစ်ပါတယ်။(NVS 008)