ပရီးမီးယားလိဂ် ရာသီဝက်ချန်ပီယံအဖြစ် အာဆင်နယ်အသင်းရပ်တည်

02 Jan

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ် ၁၉ အဖြစ် အာဆင်နယ်အသင်းနှင့် အေဗီလာအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်တွင် အာဆင်နယ်အသင်းက လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ် ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်ခဲ့ကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အသင်းသည် အဆိုပါပွဲစဉ်မတိုင်မီ ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့် ရမှတ်နှစ်မှတ်သာ ကွာဟ ခဲ့သော်လည်း အေဗီလာအသင်းကို လေးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းကို ရမှတ်ငါးမှတ် ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ထို့ကြောင့် အာဆင်နယ်အသင်း သည် ပရီးမီးယားလိဂ်သမိုင်း တစ်လျှောက်တွင် ရာသီဝက် ချန်ပီယံအဖြစ် ခုနစ်ကြိမ် ရပ်တည်ခဲ့ပြီး မန်ယူအသင်းနှင့် လီဗာပူးလ်အသင်း တို့ရဲ့ စံချိန်တွေကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။(NVS 008)

02 Jan

ADVERTISE HERE .