ရီးရဲလ်အသင်းတွင် ကွင်းလယ်ကစားသမားကောင်း လိုအပ်နေကြောင်းပြောခဲ့တဲ့ တိုနီခရူးစ်

02 Jan

ရီးရဲလ်အသင်း ကစားသမားဟောင်း တိုနီခရူးစ် က လက်ရှိရီးရဲလ်အသင်းတွင် ကွင်းလယ်ကစားသမားကောင်း တစ်ဦး လိုအပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ တိုနီခရူးစ် ဟာ ရီးရဲလ်အသင်း၌ ၄၆၅ ပွဲကစားကာ ၂၈ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့ပြီး ၂၀၂၄ နွေရာသီတွင် အသက် ၃၄ နှစ်အရွယ်၌ ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ပါတယ်။ လက်ရှိ ရီးရဲလ်အသင်းနဲ့ ပတ်သက်ပြီး တိုနီခရူးစ် က အရည်အသွေးမြင့်ကစားသမား များစွာရှိနေသော်လည်း ကွင်းလယ်ကစားသမားကောင်းတစ်ဦး လိုအပ်နေမှုနဲ့ပတ်သက်ပြီး သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ တိုနီခရူးစ် က ရီးရဲလ်အသင်းအနေနဲ့ ၎င်းကဲ့သို့ ကစားသမားတစ်ဦးကို ရှာဖွေနေရဆဲဖြစ်ပြီး အဲဒီလိုကစားသမားမျိုးက အများကြီး မရှိကြောင်းနဲ့ အစားထိုးနိုင်ဖို့ မလွယ်ကူတာကြောင့် ကွင်းလယ်မှာ ထိန်းချုပ်နိုင်မှု အားနည်းနေတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နည်းပြ အလွန်ဆို ကို အကဲဖြတ်ဖို့တော့ စောနေသေးပြီး ဘယ်လိုအပြောင်းအလဲတွေ လုပ်ဆောင်ရမလဲဆိုတာ သိရှိနေမှာဖြစ်ကြောင်းနဲ့ လက်ရှိရီးရဲလ်အသင်းတွင် ကစားသမားကောင်းတွေ များစွာရှိ နေလို့ အသင်းကောင်းဖြစ်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။(NVS 008)

02 Jan

ADVERTISE HERE .