နည်းပြ မာရက်စကာ ကို နည်းပြရာထူးမှ ချဲလ်ဆီးအသင်းထုတ်ပယ်
02 Jan
ချဲလ်ဆီးအသင်းက အသင်းနည်းပြ မာရက်စကာ ကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အတည်ပြုထုတ်ပြန် ကြေညာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ခုနစ်ပွဲတွင် တစ်ပွဲသာ နိုင်ပွဲရရှိခဲ့ခြင်းကြောင့် နည်းပြ မာရက်စကာ အား ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ မာရက်စကာ အနေနဲ့ ချဲလ်ဆီးအသင်းကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁ ရက်က စတင်ကိုင်တွယ်ခဲ့ပြီး ပြိုင်ပွဲ ၉၂ ပွဲတွင် ၅၅ ပွဲ နိုင်၊ ၁၆ ပွဲ သရေ၊ ၂၁ ပွဲ ရှုံး ရလဒ်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်း ထုတ်ပြန်ချက်တွင် နည်းပြ မာရက်စကာ ကို နည်းပြရာထူးမှ ထုတ်ပယ်လိုက်ကြောင်းနှင့် နည်းပြသစ်တစ်ဦးကို အမြန်ဆုံးရှာ ဖွေခန့်အပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)
02 Jan