အယ်လ်နာဆာအသင်းနှင့် ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို ရယူသွားမယ်လို့ ပြောခဲ့တဲ့ ဂျာအိုဖီးလစ်
02 Jan
အယ်လ်နာဆာအသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဂျာအိုဖီးလစ် က ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို ရယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျာအိုဖီးလစ် အနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် အယ်လ်နာဆာအသင်းသို့ ရောက်ရှိခဲ့ပြီး အလျင်အမြန် အထိုင်ကျကာ အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲ ၂ဝ ကစားပြီး ၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ဂျာအိုဖီးလစ် က အသင်းနဲ့အတူ ယခုနှစ်ဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ချန်ပီယံဆုကို ရယူသွားမှာဖြစ်ပြီး လာမယ့်ပွဲစဉ်တိုင်းကိုလည်း နိုင်ပွဲတွေ ဆက်လက်ရယူသွားမှာဖြစ်ကြောင်းနှင့် ကစားသမားဘဝ ကိုလည်း အယ်လ်နာဆာအသင်းမှာသာ ကုန်ဆုံးသွားလိုကြောင်း ပြောကြားခဲ့ပါတယ်။ အယ်လ်နာဆာအသင်းက လက်ရှိဘောလုံးရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ ၁၁ ပွဲ ကစားအပြီးတွင် ရမှတ် ၃၁ မှတ် ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေပါတယ်။(NVS 008)