ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ဖွင့်ပွဲကျင်းပ

02 Jan

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ရှိ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲ‌တော်ဖွင့်ပွဲအခမ်အနားကို ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်အတွင်း ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ပထမအကြိမ်ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၆ ရက်အထိ ကျင်းပဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပန်းပွဲတော်အတွင်း နိုင်ငံခြားဖြစ် ပန်းမျိုးစိတ်တွေအပါအဝင် ဒေသထွက်ပန်းမျိုးစိတ်တွေနဲ့ သစ်ခွဥယျာဉ်နဲ့ ပန်းအမျိုးအစား အများအပြားကို ထည့်သွင်း ပြသထားမှာ ဖြစ်ပါတယ်။ ဥယျာဉ်အတွင်းရှိ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ အနားယူဖတ်ရှု လေ့လာနိုင်ပြီး အလှဓာတ်ပုံ ရိုက်ကူးရန်နေရာများ၊ အားကစားလေ့ကျင့်ခန်း ပြုလုပ်နိုင်ရန် အားကစားကွင်းနဲ့ ကလေးကစားကွင်းတွေအပြင် ဒေသထွက်အစားအစာ အ‌ရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ပေးထားမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေနဲ့ ပန်းချစ်သူတွေအနေနဲ့ ကလောမြို့ပန်းပွဲတော်ကို ဝင်ကြေး အခမဲ့နဲ့ လာရောက်လည်ပတ် အပန်းဖြေ‌လေ့လာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 004)

02 Jan

ADVERTISE HERE .