ပဲခူးမြို့၌ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ပထမနေ့ညကျင်းပ

02 Jan

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲ ပထမညကို ဇန်နဝါရီလ ၁ ရက် ည ၇ နာရီတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ နှစ်သစ်ကူးဓမ္မသဘင်ပွဲ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် အစိုးရအဖွဲ့ဝင်များ၊ တရားနာပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့ သာသနာမဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက် တိုက်အုပ် စာချဆရာတော် ဘဒ္ဒန္တ သုန္ဒရ သာသနဓဇ ဓမ္မာစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြပါတယ်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့ သာသနာမဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် တိုက်အုပ် စာချဆရာတော် ဘဒ္ဒန္တ သုန္ဒရ သာသနဓဇ ဓမ္မာစရိယ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတက မြင်းလေးကောင်နှင့် လူလေးယောက် တရားခေါင်းစဉ်ဖြင့် နိဗ္ဗာန်ရောက်ကြောင်း သိကောင်းစရာတရားတော်မြတ်ကို ဟောကြားတော် မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဓမ္မပူဇာအလှူငွေများနှင့် သင်္ကန်းခြင်းတို့အား ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရပါတယ်။(NVS 004)

02 Jan

ADVERTISE HERE .