ပဲခူးမြို့တွင် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကျင်းပမည်
31 Dec
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကို ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၃ ရက်အထိ သုံးညတိုင်တိုင်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကျင်းပရာ၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက် တိုက်အုပ်စာချဆရာတော် သာသနဓဇ ဓမ္မာစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုန္ဒရ ကလည်းကောင်း၊ ဇန်နဝါရီလ ၂ ရက်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ပဲခူးမြို့ ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ သူရိယ ကလည်းကောင်း၊ ဇန်နဝါရီလ ၃ ရက်တွင်ပဲခူးမြို့ သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် သာသနဓဇဓမ္မာစရိယ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇနိတ ကလည်းကောင်း ည ၇ နာရီမှစတင်၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော်မြတ်များကို ဟောကြားတော် မူမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)