အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများ

31 Dec

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အရိုးပွရောဂါဖြစ်ခြင်းရဲ့ အကြောင်းအရင်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ နေရောင်ခြည်မခံခြင်းကလည်း အရိုးပွစေပါတယ်။ ဗီတာမင်ဒီဓာတ်ဟာ နေရောင်ခြည်ရဲ့ အထောက်အကူနဲ့ အရေပြားမှာ ဖွဲ့စည်းပြီး အရိုးတွေကို သန်မာစေတဲ့ ဓာတ်ပဲ ဖြစ်ပါတယ်။ ဆားအစားများလွန်းခြင်းက ကျန်းမာရေး အတွက် မကောင်းပါဘူး။ အငန်စားတာသိပ်များလွန်းတဲ့ သွေးဆုံးပြီးစ အမျိုးသမီးတွေတိုင်းမှာ အရိုးပွအရိုးကျိုးဖို့ အလားအလာများတတ်ကြပါတယ်။ လှုပ်ရှားမှုနည်းပါးပြီး လဲလျောင်းအိပ်စက်တာ များခြင်းက အသက်မကြီးခင် အရိုးပွခြင်း ဖြစ်တတ်ပါတယ်။ အရက်သောက်လွန်းသူမှာ လည်း အရိုးပွတဲ့ ရောဂါများ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဆော်ဒါတွေ ၊ အချိုရည်တွေ မှာပါဝင်တဲ့ ဖော့စဖရပ်ဓာတ်ဟာ အရိုးတွေက ကယ်လဆီယမ် ပမာဏကို သိသိသာသာ လျော့နည်းစေတာမို့ အချိုရည် သိပ်မသောက်ကြပဲ သဘာဝရေသန့်ကိုသာ သောက်သုံးကြဖို့ အကြံပြု ပါတယ်။ အသားဓာတ်က အရိုးကျန်းမာရေးအတွက် ကောင်းပေမယ့် ပရိုတင်းအစားသိပ်များလွန်းတဲ့အခါ ကျောက်ကပ်ကနေ ကယ်လ်ဆီယမ် စွန့်ထုတ်နှုန်း ပိုများလာပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးမှုပိုများ လေလေ အရိုးကျစ်လစ် အားကျလေပါပဲ။ ကော်ဖီသောက်ခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ ဒါပေမယ့် အရိုးပွတာကို တွန်းအားပေးနေတာက ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်ပါတဲ့။ မနက်စောစော ကော်ဖီသောက်တဲ့ အကျင့်ကို အသက်ရလာတာနဲ့အမျှ ရှောင်ကြဉ်လျှော့ချနိုင်မယ်ဆိုရင်တော့ အလွန်ကောင်းမွန်ပါတယ်။ ပိန်လွန်းတာ ၊ အာဟာရ ပြည့်ဝအောင် မစားတာတွေက အရိုးကျန်းမာရေးကို ယိုင်နဲ့ စေတဲ့အပြင် ပိန်ပါးသူတွေဟာ အရိုးစွမ်းဆောင်ရည် အားနည်းနေ တတ်တာကို တွေ့ရပါတယ်။ (NVS 003)

31 Dec

ADVERTISE HERE .