ဒဏ်ရာပြန်လည်သက်သာလာခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် ဂေါက်သီးရိုက်ရာသီပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တိုက်ဂါးဝုဒ် ပြောကြား
31 Dec
နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုခံယူထားပြီး ကာလရှည်အနားယူနေရသည့် အမေရိကန်ဂေါက်သီးရိုက် ကစားသမား တိုက်ဂါးဝုဒ် က ၂၀၂၆ ခုနှစ် ဂေါက်သီးရိုက်ရာသီပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မယ်လို့ ပြောကြား ခဲ့ကြောင်း Golf Magic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၅၀ ပြည့်မြောက်ခဲ့သည့် တိုက်ဂါးဝုဒ် က မွေးနေ့ပါတီပွဲကျင်းပစဉ် ၎င်းအနေဖြင့် ကစားသမားဘဝမှ အနားယူရန် အစီစဉ်မရှိသေးဘဲ ပြိုင်ပွဲဝင်နိုင်ရေးအတွက် လေ့ကျင့်ရေးအစီစဉ်များတွင် အချိန်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒဏ်ရာသက်သာလာပြီဖြစ်သော်လည်း ပုံမှန်အတိုင်း ရာနှုန်းပြည့်ကောင်းမွန်လာစေရေး အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)
31 Dec