ရီးရဲလ်အသင်းမှ မာစတန်တူနို ကို အငှားစာချုပ်ဖြင့်ခေါ်ယူရန် နာပိုလီအသင်းဆွေးနွေး
31 Dec
နာပိုလီအသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်အသင်းမှ လူငယ်တိုက်စစ်ကစားသမား မာစတန်တူနို ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်သည့် ကနဦးအငှားစာချုပ်ဖြင့်ခေါ်ယူရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း Goal.com သတင်းဝက်ဘ်ဆိုက်က ဖော်ပြပါတယ်။ အသက် ၁၈ နှစ်အရွယ် မာစတန်တူနို အနေနဲ့ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက အာဂျင်တီးနားကလပ် ရေးဗားပလိပ်အသင်းမှ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ နာပိုလီ အသင်းက ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံဆုအတွက် အားပြိုင်နေရတာဖြစ်လို့ အသင်းတိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းရန် မာစတန်တူနို ကို လက်ရှိဘောလုံးရာသီအကုန်ထိ ကနဦးအငှားစာချုပ်ဖြင့်ခေါ်ယူပြီး ရာသီအကုန်တွင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ဖြင့် အပြီးသတ်ဝယ်ယူရန် ဆွေးနွေးမှုများ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက မာစတန်တူနို ကို အငှားစာချုပ်ဖြင့် စေလွှတ်သွားဖွယ်ရှိနေပြီး အပြီးသတ် ရောင်းချလိုခြင်းမရှိတဲ့အတွက် နာပိုလီအသင်းက ရာသီဝက်စာချုပ်ဖြင့်သာ ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း သိရပါတယ်။(NVS 008)