ရီးရဲလ်အသင်းမှ ရူဒီဂါ ကို ပီအက်စ်ဂျီနှင့် ဂါလာတာစာရေးအသင်းတို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ပြင်ဆင်

31 Dec

ပီအက်စ်ဂျီနှင့် ဂါလာတာစာရေးအသင်းတို့က ရီးရဲလ်မက်ဒရစ်အသင်းမှ ခံစစ်ကစားသမား ရူဒီဂါ ကို လာမည့် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ပြင်ဆင်နေကြောင်း Fotmob သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ အသက် ၃၂ နှစ်အရွယ် ရူဒီဂါ ဟာ ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းထံသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့ပြီး အသင်းနှင့်အတူ အစောပိုင်းဘောလုံးရာသီများမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီကစပြီး ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေခဲ့ရလို့ ခြေစွမ်းပိုင်းကျဆင်းနေသလို့ အသက်အရွယ်အရ အကျဘက်ကိုရောက်ရှိနေခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုခြင်းမရှိဘဲ ရာသီအကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုထားခဲ့ပါတယ်။ ဥရောပထိပ်တန်းကလပ်တွေဖြစ်တဲ့ ပီအက်စ်ဂျီနှင့် ဂါလာတာစာရေးအသင်းတို့က ရူဒီဂါ ကို အလွတ် ပြောင်းရွှေ့ကြေးဖြင့် အလွယ်တကူခေါ်ယူနိုင်မည့် အခြေအနေများကြောင့် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အပြိုင်ခေါ်ယူရန်ပြင်ဆင်နေပြီး ၎င်းကို ဆော်ဒီထိပ်တန်းကလပ်အသင်းများကလည်း မြင့်မားတဲ့လုပ်ခလစာဖြင့် ကမ်းလှမ်းမှုများလုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

31 Dec

ADVERTISE HERE .