ဖူလ်ဟမ်အသင်းက ရီကာဒိုပီပီ ကိုခေါ်ယူရန် စိတ်ဝင်စား

31 Dec

ဖူလ်ဟမ်အသင်းက ပီအက်စ်ဗွီအသင်း တိုက်စစ်မှူး ရီကာဒိုပီပီ ကိုခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ ရီကာဒိုပီပီ ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ လာရောက်ကစားလိုကြောင်း ထုတ်ဖော်ပြောကြား ထားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ရီကာဒိုပီပီ ဟာ ပီအက်စ်ဗွီအသင်းနှင့်အတူ ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၂၁ ပွဲကစားပြီး ၁ဝ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဖူလ်ဟမ်အသင်းက ခေါ်ယူရန် စိတ်ဝင်စား လာခြင်းဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းက ဆောင်းရာသီဈေးကွက်မှာ ပီအက်စ်ဗွီအသင်းထံမှ ရီကာဒိုပီပီ ကို ခေါ်ယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)

31 Dec

ADVERTISE HERE .