လိုက်ပဇစ်အသင်းက ဒီယိုမန်ဒီ အတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ သတ်မှတ်

31 Dec

လိုက်ပဇစ်အသင်းက လူငယ်တိုက်စစ်ကစားသမား ဒီယိုမန်ဒီ အတွက်ပြောင်းရွှေ့ကြေးကို ယူရို သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဒီယိုမန်ဒီ ဟာ ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ လီဂါနက်စ် အသင်းမှ လိုက်ပဇစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပါတယ်။ စပါးအသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းတိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းရန် ကြိုးပမ်းနေပြီး အစောပိုင်းက ဘုန်းမောက်အသင်းမှ တိုက်စစ်ကစားသမား ဆီမီညို ကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ကမ်းလှမ်းမှုများကို ပယ်ချခဲ့လို့ ဒီယိုမန်ဒီ ကိုခေါ်ယူရန် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

31 Dec

ADVERTISE HERE .