ကုန်ဈေးနှုန်းသတင်း ၃၁.၁၂.၂၀၂၅

31 Dec

ဒီဇင်ဘာလ ၃၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး မတ်ပဲနဲ့ အာလူးဈေးတွေကတေ့ အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်၊ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်း ကို ၈၇,၄၂၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၉၆,၄၂၈ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၃၆၅ ကျပ်ကနေ ၄,၄၀၀ ကျပ်၊ ပဲစင်းငုံနီ တစ်ပိဿာကို ၈၃,၄၁၁ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၆၆၅ ကျပ်ကနေ ၈,၀၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၁၀,၂၆၅ ကျပ်ကနေ ၁၀,၆၂၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၃,၁၅၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၈၅ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၁၄,၅၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၃၀ ကျပ်ကနေ ၁,၄၅၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၅၂၅ ကျပ်ကနေ ၅,၉၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၅,၂၅၀ ကျပ်ကနေ ၅,၃၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၅၀ ကျပ်ကနေ ၄,၂၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၄,၀၀၀ ကျပ်ကနေ ၁၀,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၄,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၃,၀၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၆၂၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၃,၉၈၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၁၁၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၄၃၅ ကျပ်၊ မန္တလေးမှာ ၂,၅၅၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၁၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၄၆၀ ကျပ်၊ မန္တလေးမှာ ၂,၅၇၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၁၄၀ ကျပ်၊ မန္တလေးမှာ ၂,၂၅၅ ကျပ်၊ နေပြည်တော်မှာ ၂,၂၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၈၅ ကျပ်၊ မန္တလေးမှာ ၂,၆၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၆၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၆,၀၀၀,၀၀၀/-) ခြောက်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၉,၁၂၀,၀၀၀ိ/-) ကိုးဆယ် တစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

31 Dec

ADVERTISE HERE .