“အက်စ်ပန်ညိုအသင်းနှင့်ပွဲကို လွဲချော်မည့် အိုလ်မို”
31 Dec
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား အိုလ်မို ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခြင်း မရှိသေးတဲ့အတွက် အခုတစ်ပတ်ကစားမယ့် အက်စ်ပန်ညိုအသင်းနဲ့ ကာတာလန်ဒါဘီပွဲကို လွဲချော်မှာဖြစ်ပါတယ်။ စပိန်လက်ရွေးစင် အိုလ်မို ဟာ ပုခုံးဒဏ်ရာရခဲ့တာကြောင့် အခုလအစောပိုင်းထဲက အနားယူနေရတာဖြစ်ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ကို ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ အိုလ်မို ဟာ အောက်တိုဘာလမှာ ကြွက်သား ဒဏ်ရာကြောင့် အနားယူခဲ့ရပြီး ယခုရာသီမှာလည်း ဒုတိယအကြိမ်မြောက် ဒဏ်ရာရမှုအဖြစ် ပုခုံးဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။ အိုလ်မို အနေနဲ့ ဇန်နဝါရီလ ၈ ရက်ညမှာကစားမယ့် ဘီလ်ဘာအိုအသင်းနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)
31 Dec