“ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အစ္စကို”

31 Dec

ကွင်းလယ်ကစားသမား အစ္စကို ဟာ ညာဘက်ခြေကျင်းဝတ်ဒဏ်ရာကို ဒီဇင်ဘာလ ၂၉ ရက်က ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တယ်လို့ ဘက်တစ်အသင်း အတည်ပြုလိုက်ပါတယ်။ အစ္စကို အနေနဲ့ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်မှုမခံယူခင် နာကျင်မှုသက်သာစေတဲ့ ထိုးဆေးတွေနဲ့ ကုသမှုခံယူခဲ့ပေမယ့် မသက်သာတဲ့အတွက် နောက်ဆုံးမှာ ခွဲစိတ်ဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ကာလတစ်ခုကြာ အနားယူရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့အတွက် ကွင်းလယ်လူ အစ္စကို ဟာ လာမယ့်တနင်္ဂနွေနေ့ ဘာနေဗျူးကွင်းမှာ ကစားမယ့် အသင်းဟောင်း ရီးရဲလ်အသင်းနဲ့ပွဲကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ အသက် ၃၃ နှစ် အရွယ် အစ္စကို ဟာ ၂၀၁၃ မှ ၂၀၂၂ ခုနှစ်အထိ ရီးရဲလ်အသင်းမှာ ကာလရှည်ကစားခဲ့ပြီးနောက် ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဘက်တစ်အသင်းဆီကို ၂၀၂၃ ခုနှစ်မှာ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ အစ္စကို က ဘက်တစ် အသင်းမှာ နေရာရဖို့ကို ရုန်းကန်နေရပြီး လာလီဂါ ၁ ပွဲနဲ့ ယူရိုပါလိဂ် ၁ ပွဲသာ ကစားပေးထားနိုင်ပါတယ်။ (NVS 008)

31 Dec

ADVERTISE HERE .