“နူနိုဆန်းတို့စ် အတွက် ကစားသမားသစ် ဖြည့်တင်းပေးမယ့် ဝက်စ်ဟမ်းအသင်း”
31 Dec
ဝက်စ်ဟမ်းအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နည်းပြ နူနိုဆန်းတို့စ် အတွက် ကစားသမားသစ် ဖြည့်တင်းပေးမယ်လို့ သိရပါတယ်။ ဝုလ်ဗ်၊ စပါးနဲ့ နော်တင်ဟမ်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ နူနိုဆန်းတို့စ် ကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၅ ရက်က ဝက်စ်ဟမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ် သုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး တန်းဆင်းဇုန် အဆင့်(၁၈)နေရာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ် လိဂ်ချန်ပီယံရှစ်ကို တန်းဆင်းရမယ့်အရေးနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အသင်းဘုတ်အဖွဲ့ကတော့ နည်းပြ နူနိုဆန်းတို့စ် အပေါ် ထောက်ခံချက်ပေးထားဆဲ ဖြစ်ပြီး ကစားသမားသစ်ခေါ်ယူဖို့ ဘတ်ဂျက်ချပေးထားတယ်လို့ သိရပါတယ်။ (NVS 008)
31 Dec