“ကစားသမားသစ်တွေရဲ့ ဒဏ်ရာပြဿနာများအပေါ် ညည်းတွားနေတဲ့ အာနယ်ဆလော့”

31 Dec

လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့ က နွေရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေရဲ့ ဒဏ်ရာ ပြဿနာအပေါ် ညည်းတွားခဲ့ပါတယ်။ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အီဆက်ခ် က အသင်းကိုရောက်လာချိန်မှာပဲ ဒဏ်ရာပြဿနာ တွေနဲ့ ရုန်းကန်နေရပြီး အခုလည်း ခြေထောက်ဒဏ်ရာနဲ့ နှစ်လနီးပါး နားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံကစားသမား လီယိုနီ က ရာသီပထမဆုံးပွဲမှာပဲ ဒူးဒဏ်ရာရခဲ့တာကြောင့် တစ်ရာသီလုံး အနားယူရတော့မှာ ဖြစ်ပါတယ်။ နောက်ခံအစွန်လူ ဖရင်ပေါင် ကလည်း တံကောက်ကြောဒဏ်ရာ ပြဿနာရှိနေတာ ဖြစ်ပါတယ်။ အဆိုပါ ကစားသမားသုံးဦးရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း ၂၀၀ နီးပါး ရှိခဲ့ပါတယ်။ ဒါဟာ လီဗာပူးလ်အသင်း နွေရာသီကာလမှာ အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ခန့်ရှိနေတာ ဖြစ်ပါတယ်။ (NVS 008)

31 Dec

ADVERTISE HERE .