“ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်အသင်း”

31 Dec

အာဆင်နယ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ဖြည့်တင်းဖို့ ပြင်ဆင်နေပါတယ်။ နည်းပြ အာတီတာ က အသင်းရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဈေးကွက်ထဲဝင်ပြီး ကစားသမားသစ် ရှာဖွေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အာတီတာ အနေနဲ့ ပြီးခဲ့တဲ့နွေရာသီကာလကလည်း ကစားသမားသစ် ၈ ဦးကို ပေါင်သန်း ၂၅၀ ပေးပြီး ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် အခုရာသီမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရဆဲဖြစ်လို့ ကစားသမားသစ်ရှာဖွေဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ (NVS 008)

31 Dec

ADVERTISE HERE .