“ယူကရိန်းက ရုရှားသမ္မတနေအိမ်ကို တိုက်ခိုက်ရန်ကြိုးပမ်းမှု ကမ္ဘာ့ခေါင်းဆောင်များရှုတ်ချ”

31 Dec

ရုရှားနိုင်ငံ နော့ဗကိုဓရာ့ဒေသရှိ ရုရှားသမ္မတ ဗလာဒီမာပူတင် ၏နေအိမ်ကို ယူကရိန်းဘက်က ဒရုန်း အစင်းရေ အမြောက်အမြားအသုံးပြုပြီး ဒီဇင်ဘာလ ၂၉ ရက်တွင် တိုက်ခိုက်ရန်ကြိုးပမ်းမှုအပေါ် ကမ္ဘာ့ခေါင်းဆောင် များက အပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။ ယူကရိန်းသည် ဒရုန်းအစင်းရေ ၉၁ စင်းကိုအသုံးပြုကာ ပူတင်၏နေအိမ်ကို တိုက်ခိုက်ရန်ကြိုးပမ်းခြင်း ဖြစ်သော်လည်း ယင်းကြိုးပမ်းမှုကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ဟန့်တားဖျက်ချလိုက် နိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ က ပြောသည်။ ထို့နောက် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ထိုဖြစ်ရပ်အပေါ် များစွာစိုးရိမ်ကြောင်းပြောသည့်အပြင် အာရပ်စော်ဘွားများပြည်ထောင်စုကလည်း ဤလုပ်ရပ်မှာ “စက်ဆုပ်ဖွယ်ကောင်းသောလုပ်ရပ်" ဖြစ်ကြောင်းနှင့် ရုရှားအစိုးရနှင့်အတူ တစ်သားတည်းရှိနေကြောင်း ထုတ်ပြန်ထားသည်။ အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့် ကမူ ပဋိပက္ခတွင်ပါဝင်နေသူများအနေဖြင့် အခြေအနေကို ပိုမိုတင်းမာ စေမည့် ရန်စမှုများကိုရှောင်ကြဉ်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းဖြင့်သာ အဖြေရှာရန် တိုက်တွန်းထား ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

31 Dec

ADVERTISE HERE .