“အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၁၀,၀၀၀ နီးပါးသေဆုံးခဲ့”

31 Dec

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ ကာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် နိုင်ငံတစ်ဝန်းမှာ အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေး သူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများနဲ့ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉,၉၀၈ ယောက် သေဆုံးခဲ့ရတယ်လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားခဲ့ပါတယ်။ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ အရိန္ဒမာခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး(၂၀၂၅) အဖွင့်အမှာစကားပြောကြားရာစဉ် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုများက နိုင်ငံရေး၊ လူမှုရေးနဲ့ နည်းပညာဆိုင်ရာ ပြောင်းလဲမှုတွေနဲ့အတူ ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းလဲလာခဲ့သလို အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်းရှိ အဆောက်အအုံနှင့် ပစ္စည်းများ စုစုပေါင်း ၇,၅၉၈ ခု ပျက်စီးဆုံးရှုံးခဲ့ပြီး လူပေါင်း ၁၃,၀၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာအရ အကြမ်းဖက်မှုပုံသဏ္ဌာန်ဟာ သမားရိုးကျ နည်းလမ်းတွေကနေ နည်းပညာမြင့်မားနေတဲ့ Hybrid ပုံစံကို ကူးပြောင်းလာနေကြောင်းနှင့် မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း၊ ပြည်ပ အကြမ်းဖက်သမားမား၊ အကြမ်းဖက်အုပ်စုများနှင့်စပ်လျဉ်းပြီး INTERPOL၊ ASEANAPOL တို့နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က ပြောကြားခဲ့ပါတယ်။ (NVS 004)

31 Dec

ADVERTISE HERE .