“ကျွမ်းကျင်မှုအတတ်ပညာ(Job-Ready Skills) သင်တန်းများကို တက္ကသိုလ် ၁၉ ခုမှာ ဖွင့်လှစ်သင်ကြားပေးမည်”
31 Dec
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုမရှိခဲ့သူများအတွက် ကျွမ်းကျင်မှုအတတ်ပညာ(Job-Ready Skills) သင်တန်းများကို တက္ကသိုလ် ၁၉ ခုမှာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မြိတ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်နှင့် ဘားအံတက္ကသိုလ်တို့မှာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများမှာ ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်း အခြေခံသင်တန်း၊ ဇီဝမြေဩဇာ အမျိုးမျိုးပြုလုပ်နည်း အခြေခံသင်တန်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း အထောက်အကူပြု အင်္ဂလိပ်စကားပြော အခြေခံသင်တန်း၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးချစီးပွားရေးပညာ၊ ဈေးကွက်စီမံခန့်ခွဲမှု လက်မှတ်ရသင်တန်း၊ စီးပွားရေးလုပ်ငန်းသုံးစာရင်းအင်းပညာ လက်မှတ်ရသင်တန်း၊ ဆိုလာစွမ်းအင်သုံး လျှပ်စစ်မီးတပ်ဆင်မှု ကျွမ်းကျင်မှု သင်တန်း၊ အခြေခံလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သောက်ရေသန့်ထုတ်လုပ်ခြင်း အတတ် ပညာသင်တန်း၊ AI အခြေခံကွန်ပျူတာသင်တန်း တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းများသို့ တက်ရောက်နိုင်မည့် သတ်မှတ်အရည်အချင်းများမှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသားဖြစ်သူ အနိမ့်ဆုံးပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးသူ/ အခြေခံပညာအထက်တန်း အဆင့် သင်ကြားဖူးသူများ တက်ရောက်နိုင်မှာဖြစ်ပြီး အသက်အကန့်အသတ်မရှိကြောင်း သိရပါတယ်။ (NVS 004)