“ကယားပြည်နယ်ဝန်ကြီးချုပ်အား ပြောင်းလဲခန့်အပ်တာဝန်ပေး”
31 Dec
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ အမိန့်အမှတ် ၅၅/၂၀၂၅ နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် တာဝန်ကို ပြောင်းလဲခန့်အပ်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဦးစိန်ဦး ကို ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးဇော်မျိုးတင် အား စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီရုံးမှ အမိန့်အမှတ် ၅၄/၂ဝ၂၅ ဖြင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ (NVS 004)
31 Dec