“မန္တလေးမြို့တွင် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီး ကျင်းပမည်”

30 Dec

မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်သို့ နှစ်သစ်ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၃၁ ရက်ည၌ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများနှင့်အတူ ဂီတဖျော်ဖြေပွဲကြီးကို ညနေ ၆ နာရီမှ စတင်၍ ၆၆ လမ်းနှင့် ၂၆ လမ်း (ကျုံးထောင့်)တွင် အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှ သိရပါတယ်။ နှစ်သစ်ကူးပွဲတော်တွင် စားသောက်ဆိုင်များ ခင်းကျင်းရောင်းချပေးခြင်းနှင့် ပွဲတော်လာပရိသတ်များ အဆင်ပြေ စေရန်အတွက် ၂၆ လမ်း ၆၂ လမ်းx၆၄ လမ်း၊ ၂၇ လမ်း ၆၈ လမ်းxလမ်း ၇ဝ၊ ၆၈ လမ်း ၂၇ လမ်းx၂၉ လမ်းများတွင် ဆိုင်ကယ်/ကားများ အပ်နှံထားနိုင်ရန် စီစဉ်ပေးထားမှာဖြစ်ပါတယ်။ တေးဂီတဖျော်ဖြေမှုတွင် နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၊ မြူးကြွလှသည့် DJ၊ Dancer များဖြင့် ပရိသတ်များနှင့်အတူ နှစ်သစ်ကူးမီးရှူးမီးပန်းများကို ရင်သပ်ရှုမောဖွယ် ပစ်ဖောက်ကျင်းပသွားမည်ဖြစ်ရာ မန္တလေးမြို့သူ၊ မြို့သားများအနေနဲ့ ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း သိရပါတယ်။ (NVS-004)

30 Dec

ADVERTISE HERE .