“ဒီအိုမန်ဒီ ကို ယူရို ၄၅ သန်းနှင့် ကမ်းလှမ်းမယ့် PSGအသင်း”

30 Dec

PSG အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ ခြေစွမ်းပြနေတဲ့ နောက်ခံလူ ဒီအိုမန်ဒီ ကို ပြောင်းရွှေ့ကြေး ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ပေါ်တူဂီသတင်းတွေရဲ့ ဖော်ပြချက်များအရ အသက် ၂၂ နှစ်အရွယ် ဒီအိုမန်ဒီ ဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအိုမန်ဒီ ဟာ နည်းပြ အန်းနရစ် လိုချင်တဲ့အချက်တွေနဲ့ ကိုက်ညီတာကြောင့် အခြားဥရောပကလပ်အသင်းတွေထက် ဦးစွာခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီအိုမန်ဒီ နဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ အထိ သက်တမ်းရှိနေပြီး စပို့တင်းအသင်း ဘက်က ၂၀၃၀ အထိ သက်တမ်းတိုးဖို့ အစီအစဉ်ရှိနေပါတယ်။ စပို့တင်းအသင်း ဟာ သူတို့ရဲ့ တန်ဖိုးရှိတဲ့ လူငယ် ကြယ်ပွင့်ကစားသမားကို ကာကွယ်နိုင်ဖို့အတွက် စာချုပ်ဖျက်ကြေးကို ယူရိုသန်း ၈၀ သတ်မှတ်ထားပါတယ်။ (NVS 008)

30 Dec

ADVERTISE HERE .