“၂၀၂၅ အာဆီယံ ယူ- ၁၆ ဖူဆယ်ပြိုင်ပွဲမှာ တတိယဆုရရှိခဲ့တဲ့ မြန်မာဖူဆယ်အသင်း”

30 Dec

၂၀၂၅ အာဆီယံ ယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာယူ-၁၆ ဖူဆယ်အသင်းဟာ တတိယဆု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၅ အာဆီယံယူ-၁၆ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် နွန်သာဘူရီမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အိမ်ရှင်ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဘရူနိုင်းအသင်းတို့ဖြင့် အသင်းငါးသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်အနေနဲ့ အုပ်စုပတ်လည် ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ အုပ်စုပတ်လည်ပွဲများအပြီးမှာ ထိပ်ဆုံးရပ်တည်မှုအရ အသင်းနှစ်သင်းက ဗိုလ်လုပွဲ၊ အဆင့် ၃၊ ၄ အသင်းနှစ်သင်းက တတိယနေရာလုပွဲ ကစားခဲ့ရခြင်းဖြစ်ပါတယ်။ မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ အုပ်စုပွဲစဉ်များမှာ ဘရူနိုင်းကို ၆ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရပြီး အင်ဒိုနီးရှားကို ၂ ဂိုး၊ ၄ ဂိုး၊ အိမ်ရှင်ထိုင်းကို ၄ ဂိုး-ဂိုးမရှိ၊ ဗီယက်နမ်ကို ၂ ဂိုး၊ ၅ ဂိုးတို့နဲ့ ရှုံးနိမ့်ကာအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် မြန်မာ ယူ-၁၆ ဖူဆယ်အသင်းဟာ တတိယနေရာလုပွဲကစားခဲ့ပြီး ဗီယက်နမ်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရရှိကာ တတိယဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ (NVS 008)

30 Dec

ADVERTISE HERE .