“ဂိုး ၁,၀၀၀ မပြည့်မချင်း အနားယူမှာမဟုတ်ဘူးလို့ဆိုတဲ့ စီရော်နယ်လ်ဒို”

30 Dec

အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို က ဂိုး ၁,၀၀၀ မပြည့်မချင်း အနားယူမှာ မဟုတ်ဘူးလို့ ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ၂၀၂၅ ဆုပေးပွဲမှာ စီရော်နယ်လ်ဒို ဟာ အရှေ့အလယ်ပိုင်းအကောင်းဆုံး ကစားသမားဆုရရှိခဲ့ပြီး ကျေးဇူးတင် စကားပြောကြားချိန်မှာ ဂိုး ၁,၀၀၀ ရည်မှန်းချက်အကြောင်း ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒို က ဆုဖလားတွေ ရယူသွားချင်ပြီး ဒဏ်ရာပြဿနာသာမရှိပါက သွင်းဂိုး ၁,၀၀၀ ကိုလည်း သေချာပေါက် ပြည့်မြောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ လာမယ့် ဖေဖော်ဝါရီလမှာ အသက် ၄၁ နှစ်ပြည့်မှာဖြစ်ပြီး အယ်လ်နာဆာအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။ စီရော်နယ်ဒို က ကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်း နှစ်မျိုးပေါင်းသွင်းဂိုးက ၉၅၆ ဂိုးရှိနေပြီဖြစ်လို့ ဂိုး ၁,၀၀၀ ပြည့်ဖို့ ၄၄ ဂိုးသာ လိုတော့တာဖြစ်ပါတယ်။ (NVS 008)

30 Dec

ADVERTISE HERE .